Friday, August 12, 2022

သိုက်ထွန်းသက်



အမည်ရင်း ဦးသိန်းဇော်။ မန္တလေးမြို့၊ စိန်ပန်းရပ်၊ အဖ ဦးအေးမောင်၊ အမိ ဒေါ်တင်မေ တို့မှ ၁၉၅၂-ခုနှစ်၊ မေလ (၃၀) ရက်တွင် ဖွားမြင်ခဲ့သည်။ မွေးချင်း လေးယောက်အနက် ဒုတိယသား ဖြစ်သည်။ မန္တလေး အထက (၁၇) အစိုးရအထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင်တန်းအထိ ပညာသင်ခဲ့သည်။


မန္တလေးမြို့ထုတ် ၁၉၆၉ ခုနှစ် မေလ ၂၆ရက်နေ့ထုတ် ထူးစာစောင်တွင် "ထွဏ်းကနောင်" ကလောင်အမည် ဖြင့် စရေးသည်။


သင့်ဘဝ၊ တိုင်းရင်းမေ၊ ရုပ်ရှင်အောင်လံ၊ ရုပ်ရှင်ပဒေသာတွင် ကဗျာများ ရေးသားခဲ့သည်။ မိုးဝေစာပေမဂ္ဂဇင်းနှင့် သောင်းပြောင်းထွေလာ မဂ္ဂဇင်းတို့၌ ကဗျာ၊ ဝတ္ထုတိုများကို သိုက်ထွန်းသက် ကလောင်အမည်ဖြင့် ရေးသားသည်။ ဝတ္ထုတို ရေးသားခြင်း၌ ပျော်မွေ့သည်။


crd 👉 https://my.m.wikipedia.org/wiki/%E1%80%9E%E1%80%AD%E1%80%AF%E1%80%80%E1%80%BA%E1%80%91%E1%80%BD%E1%80%94%E1%80%BA%E1%80%B8%E1%80%9E%E1%80%80%E1%80%BA

No comments:

Post a Comment