Saturday, July 23, 2022

ငယ်ချစ်ဦး



ချောမဒီ

ဂေါရီရွယ် တဆယ့်လေးက

ငယ်သေးလို့တဲ့ နားမလည်။


ကညာမယ်ကို

စာဆွယ်ပေးစဉ်က

"ဘာ...အမယ်...ငါငယ်သေးတယ်" လို့

ညှာမလွယ် ကာကွယ်ပြေးတာကြောင့်

ဝေးခဲ့ရတယ်။


လွန်ခဲ့တဲ့ နှစ်ငါးဆယ်

ချစ်အားရယ် ကြွယ်ခဲ့။


တမြန် မနေ့က

တဖန် ​တွေ့ကြလို့

မမေ့ပေါင် သည်အကြောင်းကိုလ

ပြန်ပြောင်းကာ အဖိုးအို စ,လေတော့

အဖွားအို နားကို ပြကာပ

"ကြားရဘူး ဟဲ့" တဲ့...။  ။


#သော်တာဆွေ


crd 👉 https://m.facebook.com/story.php?story_fbid=2605868449661984&id=100007165634426

No comments:

Post a Comment