ခင်နှင်းယုသည် မြန်မာစာပေလောကတွင် ထင်ရှားသော အမျိုးသမီးကလောင်ရှင်တဦးဖြစ်သည်။ ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့၌ အဖ အစိုးရကျောင်းဆရာကြီး ဦးဘ၊ အမိ ဒေါ်သိန်းတင်တို့မှ ၁၉၂၅ ခု၊ စက်တင်ဘာ ၇ ရက် (တနင်္လာနေ့)တွင် ဖွားမြင်သည်။ အမည်ရင်းမှာ မခင်စုဖြစ်သည်။ မွေးချင်း ခုနစ်ယောက်အနက် ငါးယောက်မြောက်ဖြစ်ပြီး ဝန်ကြီးချုပ် ဦးနုနှင့် မောင်နှမဝမ်းကွဲတော်စပ်သူတဦးဖြစ်သည်။
၁၉၃ဝ တွင် ဝါးခယ်မမြို့ ဦးဘိုးထင် မြန်မာစာသင် အလယ်တန်းကျောင်း၌ စတင်ပညာသင်ကြားသည်။ ၁၉၄ဝ တွင် ဝါးခယ်မမြို့ ဦးဘိုကြီးမြန်မာစာ အထက်တန်းကျောင်း၌ ရှစ်တန်းမှ ဆယ်တန်းတိုင် ပညာဆည်းပူးခဲ့ပြီး ၁၉၄၃ တွင် မြန်မာဆယ်တန်းနှင့် ၁၉၄၈ တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သည်။ ရန်ကုန်မြို့ မြို့မ အထက်တန်းကျောင်း မှ ဆယ်တန်းအောင်မြင်ခဲ့သည်။
(၁၉၃၈ -၃၉) တွင် ဝါးခယ်မကျောင်းသားသမဂ္ဂအမှုဆောင်ဖြစ်ကာ ကျောင်းသားရေးရာများနှင့် တို့ဗမာအစည်းအရုံး နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။ ဂျပန်ခေတ် ဝါးခယ်မမြို့နယ် အာရှလူငယ်အစည်းအရုံးတွင် အမျိုးသမီးဌာန အတွင်းရေးမှူး (၁၉၄၃)၊ ဖဆပလ သတင်းနှင့်ဝါဒဖြန့်ချိရေးဌာန လက်ထောက်အတွင်းရေးမှူး (၁၉၄၆)၊ ယင်းဌာန တွဲဖက်အတွင်းရေးမှူးနှင့် ဖဆပလ သတင်းစဉ် တာဝန်ခံအယ်ဒီတာ (၁၉၄၇)၊ ဝန်ကြီးချုပ်၏ အတွင်းရေးအတွင်းဝန် (၁၉၄၈- ၄၉) စသည်ဖြင့် ဆောင်ရွက်ခဲ့သည်။
၁၉၄၆ မှစကာ "မခင်စု" အမည်ရင်းဖြင့် ဖဆပလ သတင်းစဉ်တွင် ဆောင်းပါးများ ရေးသားခဲ့သည်။ ၁၉၄၇-တွင် "အချို" ကလောင်အမည်ဖြင့် သတင်းစုံ ဂျာနယ်၌ ဝတ္ထုတိုများ ရေးသားခဲ့သည်။ ခင်နှင်းယု ကလောင်အမည်ဖြင့် ပထမဆုံးရေးသောဝတ္ထုမှာ ၁၉၄၇ "စာပဒေသာမဂ္ဂဇင်း" တွင်ပါရှိသည့် "အရိုင်း" ဖြစ်သည်။ လုံးချင်းဝတ္ထု (၁၇) အုပ်၊ မဂ္ဂဇင်းဝတ္ထုရှည် အပုဒ် (၂၀)၊ ဝတ္ထုတို (၁၀၀) ကျော်ခန့်ရေးသားခဲ့သည်။ စာဆို၏ဝတ္ထုတိုအချို့ကို ဂျာမန်၊ ရုရှား၊ ဂျပန်ဘာသာများသို့ ပြန်ဆိုခဲ့သည်။
၁၉၅ဝ တွင် ဗိုလ်ကြီးကျော်သောင်းနှင့် လက်ထပ်ခဲ့သည်။ ၁၉၅၆ တွင် သက်ကြီးတက္ကသိုလ်၊ ၁၉၅၉ တွင် ရန်ကုန်တက္ကသိုလ်၌ ပညာဆည်းပူးခဲ့ပြီး ၁၉၆၁ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။
၁၉၇ဝ တွင် ခင်ပွန်းသည် ကွယ်လွန်ခဲ့သည်။ ၁၉၈၅တွင် ကျန်းမာရေးအလွန်ဆိုးရွားသောကြောင့် ဆေးရုံတွင် ကုသမှုခံယူပြီး "ချမ်းမြေ့ရိပ်သာ" တွင် နေထိုင်ခဲ့သည်။ ၂၀၀၃၊ ဇန်နဝါရီလ၊ ၂၁ ရက် အင်္ဂါနေ့၊ နံနက် (၈:၃၀) တွင် ရန်ကုန်ပြည့်သူ့ဆေးရုံကြီး၌ ကွယ်လွန်သည်။
စာစုစာရင်း ပြင်ဆင်
လုံးချင်းဝတ္ထုများ
ဆောင်းတွင်းပန်း (၁၉၅၃)
မွှေး (၁၉၅၉)
စိမ်းသင့်မှစိမ်း (၁၉၆၀)
ချစ်လှချည်ရဲ့ (၁၉၆၁)
နွေနှောင်းရွက်ကျန် (၁၉၆၁)
ပန်းများကိုပွင့်စေသူ (၁၉၆၁)
မျှော်လင့်လို့ဖြင့် မဆုံးနိုင်တယ် (၁၉၆၁)
နွားတစ်ထောင် (၁၉၆၂)
ပိုးခန်းဆီးနောက်မှ ငရဲခန်း (၁၉၆၂)
ပန်းပန်လျက်ပါ (၁၉၆၂)
မဟာသာကီ (၁၉၆၂)
သခွတ်ပန်း (၁၉၆၂)
အောင်မြင်သောနေ့ (၁၉၆၂)
မိုးကျော်သူ (၁၉၆၃)
မိန်းမရိုင်း (၁၉၆၃)
သပြေ (၁၉၆၃)
ယဉ်မင်းပိုက် (၁၉၆၄)
သရဖူ (၁၉၆၄)
လမင်းကြီးသာစမ်းပါ (၁၉၆၅)
ပုံပြောကောင်းသောမိန်းကလေး (၁၉၆၆)
ဖေဖေ (၁၉၆၈)
လာခြင်းကောင်းသော လူကလေး (၁၉၆၉)
ဘုရင်ခံမလိုချင်ပေါင် (၁၉၇၀)
ကျွန်မ၏ချစ်သူ (၁၉၇၂)
ထိပ်စုဖုရား မဗျိုင်း (၁၉၇၃)
တစ်ထောင့်ငါးရာည၏ အိပ်မက်များ (၁၉၉၃)
မြကြာဖြူ (၁၉၉၅)
ဗညားရှိန်း (၁၉၉၈)
ပျားရည်အိုင် (၁၉၉၉)
ဥဩတွန်တဲ့ လရာသီ (၂၀၀၂)
ကျွန်တော်တင်အောင်ထွန်း
မိချို
ဝတ္ထုတိုပေါင်းချုပ်
ကြေးမုံရိပ်သွင် (၁၉၆၀)
ဘုံဓမ္မတာမှာ ကြုံလေသမှျ (၁၉၆၂)
ကြာတော၌ရွာသောမိုး ဝတ္ထုတိုများ (၁၉၆၄)
ကသစ်ပန်း ဝတ္ထုတိုများ (၁၉၆၅)
မုတ်သုန်စောင်းကြိုး (၁၉၆၅)
ခင်နှင်းယု၏ ဝတ္ထုတိုများ (၁၉၆၇)
ကျွန်းဧကရီနှင့် အခြားဝတ္ထုတိုများ (၁၉၇၁)
မိန်းမတို့အကြောင်း ဝတ္ထုတိုပေါင်းချုပ် (၁၉၉၂)
လက်ရွေးစင် ဝတ္ထုတိုများ (၁၉၉၆)
ကျွန်မကမချောပါဘူးနှင့် အခြားမဂ္ဂဇင်းဝတ္ထုတိုများ (၂၀၀၄)
ပွဲတွေ့ အမြတ်တရား (ဘာသာရေးဆောင်းပါးများ) (၁၉၈၁)
မယ့်သည်းအိမ် (၂၀၀၀)
ဘဝင်မကျလေသောအခါ (၂၀၀၂)
ဇီဝစိုးစံအိမျ (၂၀၀၃)
စာပေဆုများ
၁၉၄၈ - လွတ်လပ်ရေး အထိမ်းအမှတ် စာပေပြိုင်ပွဲ (ဝတ္ထုတို - တတိယဆု) - "မျောက်လောင်း"
၁၉၅၃ - မြဝတီမဂ္ဂဇင်းစာပေပြိုင်ပွဲ (ဝတ္ထုရှည် - ပထမဆု) - "သရဖူ"
၁၉၆၁ - စာပေဗိမာန်ဆု - "ကြေးမုံရိပ်သွင် ဝတ္ထုတိုပေါင်းချုပ်"
၁၉၉၅ - အမျိုးသားစာပေဆု (ဝတ္ထုရှည်) - "မြကြာဖြူ"
crd 👉 https://my.m.wikipedia.org/wiki/%E1%80%81%E1%80%84%E1%80%BA%E1%80%94%E1%80%BE%E1%80%84%E1%80%BA%E1%80%B8%E1%80%9A%E1%80%AF
No comments:
Post a Comment