(၁၉၅၈ အမျိုးသားစာပေ ဝတ္ထုရှည်စာပေဆုရ)
"ကျွန်မတို့မှာ တစ်ဖက်က သားကိုသခင် လင်ကိုဘုရား သဘောထားပြီး မိန်းမဆိုတာ ယောက္ခမအိမ်မှာ ကျွန်အကြီးဆုံးအဖြစ်နဲ့ နေရတယ်ဆိုတဲ့ ကွန်ဖြူးရှပ်ယဉ်ကျေးမှုကြီး ဖိစီးလွှမ်းမိုးတဲ့ နိုင်ငံကြီးရှိပါတယ်။ တစ်ဖက်မှာလည်း လင်ယောက်ျားကို မိန်းကလေးရှင်က ငွေနဲ့ပေးဝယ်ရပြီး လင်ရတာနဲ့တစ်ပြိုင်နက် အိမ်တွင်းပုန်းရ ခေါင်းမြီးခြုံရတဲ့အစဉ်အလာကြီး ဖိစီးထားတဲ့ နိုင်ငံကြီးရှိပါတယ်။ ဒါပေမဲ့ ဒီနိုင်ငံကြီးတွေရဲ့ဩဇာဟာ ကျွန်မတို့မြန်မာအမျိုးသမီးတွေကို ဘယ်လိုမှ အရိပ်ထိုးခြင်း၊ လွှမ်းမိုးခြင်း၊ သက်ရောက်ခြင်း၊ ရောင်ပြန်ဟပ်ခြင်း မရှိပါဘူး။ စီးပွားရေးလုပ်ငန်းဆိုင်ရာမှာ မြန်မာမိန်းကလေးက မောင်တစ်ထမ်း မယ်တစ်ရွက်မျှမက မောင်ထမ်းသလို မယ်ထမ်းရတဲ့အခါလည်း ရှိခဲ့ပါတယ်။ အပျိုကြီးဘဝ၊ မုဆိုးမဘဝတွေမှာ မိသားစုရဲ့တာဝန်ကို အဓိကဝန်ကိုင်အဖြစ်နဲ့ ရုန်းကန်တာဝန်ယူမှုတွေလည်းရှိတဲ့ အမျိုးသမီးတွေပါ။ ဒီလိုတာဝန်ယူနိုင်မှု၊ တာဝန်ယူနိုင်လောက်အောင် အကင်းပါးဖျတ်လတ်မှု၊ လွတ်လပ်မှုတွေကို သဘောကျလွန်းလို့ မြန်မာ့စီးပွားရေးနယ်ပယ်ထဲက အမျိုးသမီးတွေကို မော်ကွန်းထိုးတဲ့သဘောနဲ့ ဓနမဂ္ဂဇင်းမှာ ရေးသားခဲ့တာပါ။
(မန္တလေးသူ၊ မန္တလေးသားများ စာအုပ်တွင်ပါသော စာရေးသူ၏အမှာစာမှ ကောက်နှုတ်ချက်)
ခင်နှင်းယု
No comments:
Post a Comment